Monday, 9 December 2013

ဝိပဿနာနှင့် မဂ်



တရားဓမ္မ နာယူမှတ်သားလိုသူများအတွက် ရေးသားလိုက်ပါတယ်။

ဝိပဿနာတရားကို အခါအားလျော်စွာ ပွားများလေ့ရှိတဲ့သူတွေဟာ အနိစ္စ

ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါးကို မြင်အောင် ပွားများရပါမယ်။

မိမိရဲ့ခန္ဓာကိုယ်ကို ဥာဏ်နဲ့စောင့်ကြည့်နေတဲ့အခါမှာ

(၀ါ)တ၇ားအားထုတ်နေတဲ့အခါမှာ

ရုပ်တရားနာမ်တရားတွေဟာ ဖြစ်ပြီးပျက်သွားတဲ့သဘောကို ပြပါတယ်။

ဥပမာ -

တရားအားထုတ်ရင်း ခြင်ကိုက်တဲ့ဝေဒနာလေး ဖြစ်တယ်ဆိုပါဆို့။အဲ့ဒီဝေဒ

နာလေးကို စိတ်ကိုဘယ်မှ မလွင့်ပါးစေပဲ

သမာဓိအားကောင်းကောင်းနဲ့ စောင့်ကြည့်နေတဲ့အခါ ဝေဒနာလေးချုပ်သွား

တာကို ဥာဏ်နဲ့သိရပါတယ်။ ပြီးရင် ခါးနာတာ၊ ဇက်ကြောတက်တာ၊

မိမိရဲ့တင်ပါးနှစ်ဖက်လုံး

မီးလိုပူလာတာ၊ ရေခဲလိုအေးလာတာ၊ လေတွေအထက်အောက်

စုံဆန်တက်လာတာ

အစရှိတဲ့ ဝေဒနာတွေ အစားထိုးလာပါမယ်။

အစားထိုးလာတဲ့ဝေဒနာတွေကို စောင့်ကြည့်ရှု့မှတ်နေရင်

အဲ့ဒီဝေဒနာတွေဟာလဲ ပျက်စီးပြီး တခြားဝေဒနာတွေ အစားထိုးပြန်တာပါပဲ။

အဲ့ဒီဝေဒနာတွေဟာ ဖြစ်ပြီးရင် ပျက်သွားတယ်ဆိုတော့

မမြဲတဲ့သဘောတရားဟာ အနိစ္စတရားပါပဲ။ ဒီဝေဒနာတွေကို ခံစားနေရတာ

ဆင်းရဲတဲ့သဘောမို့ ဒုက္ခတရားပါပဲ။ မိမိခန္ဓာကိုယ်ကြီးကို မိမိမပိုင်ပဲ

သူ့သဘောအတိုင်း ဖြစ်ချင်သလိုဖြစ်

ပျက်ချင်သလိုပျက် ဖောက်ပြန်နေတာမို့ အစိုးမရတဲ့ အနတ္တတ၇ားပါပဲ။

ဒီလက္ခဏာရေးသုံးပါးကို အဖန်ဖန်အထပ်ထပ် မြင်နေအောင်

ပွားများရပါမယ်။ လက္ခဏာရေးသုံးပါးကို မြင်တဲ့ဥာဏ်ဟာ

ဝိပဿနာဥာဏ်ပါပဲ။ ၀ိပဿနာဥာဏ်က နုံ့နေအားနည်းနေရင်

မဂ်ကိုနှေးနှေးရောက်ပြီးတော့ ထက်ရင် မြန်မြန်ရောက်ပါတယ်။ ဒီလောက်ပဲ

ထူးခြားပါတယ်။ လက္ခဏာကိုရောက်တဲ့ ၀ိပဿနာဟာ

မဂ်ဥာဏ်ကို ဖြစ်စေနိုင်တယ်လို့ ဋီကာမှာ ဆိုပါတယ်။

BY - ASHIN SUMANGALA

ဘဂ၀ါဟူသော အမည်သည် အဘယ်နည်း။



ဘဂ၀ါဟူသော အမည်သည် အဘယ်နည်း။

ဘဂ၀ါဟူသော အမည်သည် မယ်တော်က ပေးအပ်သော

နာမည်မဟုတ်ပါ။ မြတ်စွာဘုရားရှင်တို့အား ၀ိမောက္ခ န္တလို့ခေါ်တဲ့

အရဟတ္တဖိုလ်ခဏမှာ ဘဂ၀ါဆိုတဲ့ အမည်ကို ရရှိပါတယ်။ ဘဂ၀ါဆိုတဲ့

အမည်ပညတ်ဟာ မြတ်စွာဘုရားရှင်တို့အား ဗောဓိပင်အောက်မှာ

သဗ္ဗညုတဥာဏ်ကို ရတာနဲ့တစ်ပြုင်နက် မျက်မှောက်ပြုအပ်တဲ့ ရရှိအပ်တဲ့

အမည်ပညတ်ပဲ ဖြစ်ပါတယ်

တဏှာအရင်းခံရှိသော တရား(၉)ပါး



တဏှာအရင်းခံရှိသော တရား()ပါး

() တဏှာကို စွဲမှီပြီးတော့ ရှာဖွေကြတယ်။

() ရှာဖွေခြင်းကြောင့် ရရှိတယ်။

() ရရှိခြင်းကြောင့် သူဖို့ငါ့ဖို့စသည် ဆုံးဖြတ်ကြတယ်။

() ဆုံးဖြတ်ခြင်းကြောင့် ဆန္ဒရာဂ နှစ်သက်တပ်စွဲခြင်း ဖြစ်ကြတယ်။

() ဆန္ဒရာဂကြောင့် အဇ္စျောသာန-ငါ့ဟာလို့ လွမ်းမိုးပြီး

အဆုံးသတ်ခြင်း ဖြစ်တယ်။

() ၄င်းကို စွဲမှီပြီးတော့ သိမ်းဆည်းရတယ်။

() ၄င်းကို စွဲမှီပြီးတော့ပဲ မစ္ဆရိယ ဖြစ်ကြတယ်။

() မစ္ဆရိယကို စွဲမှီပြီးတော့ စောင့်ရှောက်ရတယ်။

() စောင့်ရှောက်ရတဲ့အတွက် ဒုတ်ဓားကိုင်ခြင်း၊ ငြင်းခုန်ခြင်း၊

ခိုက်ရန်ဖြစ်ပွားခြင်းတွေ ဖြစ်ကြရတယ်။

BY - ASHIN SUMANGALA

Friday, 29 November 2013

ထိနမိဒ္ဓကို ပယ်ဖျောက်ပုံ



ထိနမိဒ္ဓကို ပယ်ဖျောက်ပုံ

တရားထိုင်ရာတွင် အိပ်ငိုက်လို့ သမာဓိမရနိုင်ဖြစ်နေပါတယ်၊ ထိနမိဒ္ဓကို ဘယ်လိုပယ်ရမလဲဟူုသော မေးခွန်းအရ-

အင်္ဂုတ္တရနိကာယ် သတ္တနိပါတ် ပစလာယမာနသုတ်တွင် မြတ်စွာဘုရား ဟောကြားထားသော ထိနမိဒ္ဓကို ပယ်ဖျောက်ခြင်းအကြောင်းတို့မှာ

၁။ အိပ်ချင်ငိုက်မျည်းခြင်း၏အကြောင်းဖြစ်သော အမှတ်သညာကိုပယ်ခြင်း၊

၂။ တရားကျမ်းဂန်ကို ဆင်ခြင်ခြင်း၊

၃။ တရားစာကို ရွတ်ဖတ်ခြင်း၊

၎။ နားနှစ်ဖက်ကို ဆွဲခြင်း၊ ကိုယ်ကိုလက်ဖြင့်ပွတ်သပ်ခြင်း၊

၅။ မျက်နှာသစ်ပြီး ထိုထိုအရပ်ကို ကြည့်ရှု့ခြင်း၊ ကြယ်တာယာတို့ကို မော်ကြည့်ခြင်း၊

၆။ အရောင်အလင်းတွင် အမှတ်သညာကို နှလုံးသွင်းခြင်း၊

၇။ စင်္ကြလျောက်ခြင်း၊ တို့ဖြစ်သည်။


BY-ASHIN SUMANGALA