တဏှာအရင်းခံရှိသော တရား(၉)ပါး
(၁) တဏှာကို စွဲမှီပြီးတော့ ရှာဖွေကြတယ်။
(၂) ရှာဖွေခြင်းကြောင့် ရရှိတယ်။
(၃) ရရှိခြင်းကြောင့် သူဖို့ငါ့ဖို့စသည် ဆုံးဖြတ်ကြတယ်။
(၄) ဆုံးဖြတ်ခြင်းကြောင့် ဆန္ဒရာဂ နှစ်သက်တပ်စွဲခြင်း ဖြစ်ကြတယ်။
(၅) ဆန္ဒရာဂကြောင့် အဇ္စျောသာန-ငါ့ဟာလို့ လွမ်းမိုးပြီး
အဆုံးသတ်ခြင်း ဖြစ်တယ်။
(၆) ၄င်းကို စွဲမှီပြီးတော့ သိမ်းဆည်းရတယ်။
(၇) ၄င်းကို စွဲမှီပြီးတော့ပဲ မစ္ဆရိယ ဖြစ်ကြတယ်။
(၈) မစ္ဆရိယကို စွဲမှီပြီးတော့ စောင့်ရှောက်ရတယ်။
(၉) စောင့်ရှောက်ရတဲ့အတွက် ဒုတ်ဓားကိုင်ခြင်း၊ ငြင်းခုန်ခြင်း၊
ခိုက်ရန်ဖြစ်ပွားခြင်းတွေ ဖြစ်ကြရတယ်။
BY - ASHIN SUMANGALA

No comments:
Post a Comment