Tuesday, 10 December 2013

ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေ ။(၂)အဗျာပါရနည်းနှင့် ဧ၀ံဓမ္မတာနည်းဟူသည် အဘယ်နည်း။



ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေ

အဗျာပါရနည်းနှင့် ဧ၀ံဓမ္မတာနည်းဟူသည် အဘယ်နည်း။

ဒကာကြီးတစ်ယောက်က ဧကတ္တနည်းအစရှိသော

နည်းလေးပါးကို မေးလာပါသဖြင့် နှစ်ပိုင်းခွဲပြီး ဖြေဆိုရေးသားလိုက်ပါတယ်။

တရားဓမ္မ စိတ်ပါဝင်စားသူများ ဖတ်ရှု့လေ့လာနိုင်ပါတယ်။

ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ ကံသင်္ခါရတွေဖြစ်အောင် ပြုလုပ်မယ်လို့

အ၀ိဇ္ဇာမှာ ကြောင့်ကြစိုက်မှု့ ဗျာပါရမရှိပါဘူး။

သတ္တ၀ါတွေ သေပြီးတဲ့နောက်မှာ အမိဝမ်းတွင်းထဲမှာ

ပဋိသန္ဓေ၀ိဥာဏ်စိတ်ဖြစ်အောင်လဲ ပြုလုပ်မယ်လို့

ကံသင်္ခါရတွေမှာ ကြောင့်ကြစိုက်မှု့ ဗျာပါရမရှိပါဘူး။ အဲ့ဒီလို

ယူဆတဲ့နည်းကို

အဗျာပါရနည်းလို့ ခေါ်ပါတယ်။ ဥပမာ သရက်စေ့က အပင်ပေါက်ပေမယ့်

အပင်ပေါက်အောင်ဟဲ့လို့ အစေ့မှာ အားထုတ်မှု့ဗျာပါရ မရှိပါဘူး။

အဲ့ဒီနည်းကို အဗျာပါရနည်းလို့ ခေါ်ပါတယ်။ အ၀ိဇ္ဇာ ကံသင်္ခါရတွေမှာ

ပဋိသန္ဓေ၀ိဥာဏ်စိတ်ဖြစ်အောင် ကြောင့်ကြစိုက်မှု့ဗျာပါရမရှိပေမယ့်

အ၀ိဇ္ဇာကြောင့် ကံသင်္ခါရဖြစ်တယ်၊ ကံသင်္ခါရကြောင့်

ပဋိသန္ဓေ၀ိဥာဏ်စိတ်ဖြစ်လာတယ်လို့ သိရတဲ့နည်းကို

ဧ၀ံဓမ္မတာနည်းလို့ ခေါ်ပါတယ်။ ဥပမာ သရက်စေ့မှာ အားထုတ်မှု့ဗျာပါရ

မရှိပေမယ့်လဲ သရက်စေ့ဟာ ရေမြေနှစ်ပါးနှင့် ထိတွေ့ရင် အပင်ပေါက်ပြီး

လာပါတယ်။ အဲ့ဒါ ဧ၀ံဓမ္မတာနည်းပဲ ဖြစ်ပါတယ်။ အခုပြောခဲ့တာတွေက

ဥပမာတွေဖြစ်ပါတယ်။ တကယ်ဆင်ခြင်ရမယ့် တ၇ားကတော့ မျက်လုံးဟာ

ရုပ်လားနာမ်လားဆိုရင် မျက်လုံးကရုပ် မြင်သိစိတ်က နာမ်သဘော၊

တခြားစီဖြစ်နေတဲ့အတွက်ကြောင့်မို့ နာနတ္တနည်းလို့ ခေါ်ပါတယ်။

မျက်လုံးဟာ မြင်စိတ်မဟုတ်ပေမယ့် မျက်လုံးမရှိပဲနဲ့မမြင်နိုင်၊

မျက်လုံးရှိမှသာ မြင်စိတ်ဖြစ်နိုင်တာမို့တစ်ခုထဲလို ယူတဲ့နည်းကို

ဧကတ္တနည်းလို့ ခေါ်ပါတယ်။

မျက်လုံးကြောင့်မို့ မြင်စိတ်ဖြစ်ပေမယ့် မြင်အောင်ဟဲ့လို့ အားထုတ်မှု့ဗျာပါရ

မျက်လုံးမှာ မရှိပါဘူး။ အဲ့ဒါ အဗျာပါရနည်း ဖြစ်ပါတယ်။ ကြောင့်ကြစိုက်မှု့

မျက်လုံးမှာ မရှိပေမယ့် မျက်စိနဲ့ရူပါရုံ ပေါင်းဆုံမိရင် မြင်စိတ်ဖြစ်လာတာမို့

အဲ့ဒါကို ဧ၀ံဓမ္မတာနည်းလို့ ခေါ်ပါတယ်။ ဒီနည်းလေးပါးကို

သမာဓိအားကောင်းကောင်းဖြင့်

ဆင်ခြင်သုံးသပ်လို့ ဥာဏ်အမြင်ရှင်းသွားရင် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတွေ

ကင်းကွာနိုင်ပါမယ်။

BY - ASHIN SUMANGALA

Monday, 9 December 2013

ဝိပဿနာနှင့် မဂ်





တရားဓမ္မ နာယူမှတ်သားလိုသူများအတွက် ရေးသားလိုက်ပါတယ်။

ဝိပဿနာတရားကို အခါအားလျော်စွာ ပွားများလေ့ရှိတဲ့သူတွေဟာ အနိစ္စ

ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါးကို မြင်အောင် ပွားများရပါမယ်။

မိမိရဲ့ခန္ဓာကိုယ်ကို ဥာဏ်နဲ့စောင့်ကြည့်နေတဲ့အခါမှာ

(၀ါ)တ၇ားအားထုတ်နေတဲ့အခါမှာ

ရုပ်တရားနာမ်တရားတွေဟာ ဖြစ်ပြီးပျက်သွားတဲ့သဘောကို ပြပါတယ်။

ဥပမာ -

တရားအားထုတ်ရင်း ခြင်ကိုက်တဲ့ဝေဒနာလေး ဖြစ်တယ်ဆိုပါဆို့။အဲ့ဒီဝေဒ

နာလေးကို စိတ်ကိုဘယ်မှ မလွင့်ပါးစေပဲ

သမာဓိအားကောင်းကောင်းနဲ့ စောင့်ကြည့်နေတဲ့အခါ ဝေဒနာလေးချုပ်သွား

တာကို ဥာဏ်နဲ့သိရပါတယ်။ ပြီးရင် ခါးနာတာ၊ ဇက်ကြောတက်တာ၊

မိမိရဲ့တင်ပါးနှစ်ဖက်လုံး

မီးလိုပူလာတာ၊ ရေခဲလိုအေးလာတာ၊ လေတွေအထက်အောက်

စုံဆန်တက်လာတာ

အစရှိတဲ့ ဝေဒနာတွေ အစားထိုးလာပါမယ်။

အစားထိုးလာတဲ့ဝေဒနာတွေကို စောင့်ကြည့်ရှု့မှတ်နေရင်

အဲ့ဒီဝေဒနာတွေဟာလဲ ပျက်စီးပြီး တခြားဝေဒနာတွေ အစားထိုးပြန်တာပါပဲ။

အဲ့ဒီဝေဒနာတွေဟာ ဖြစ်ပြီးရင် ပျက်သွားတယ်ဆိုတော့

မမြဲတဲ့သဘောတရားဟာ အနိစ္စတရားပါပဲ။ ဒီဝေဒနာတွေကို ခံစားနေရတာ

ဆင်းရဲတဲ့သဘောမို့ ဒုက္ခတရားပါပဲ။ မိမိခန္ဓာကိုယ်ကြီးကို မိမိမပိုင်ပဲ

သူ့သဘောအတိုင်း ဖြစ်ချင်သလိုဖြစ်

ပျက်ချင်သလိုပျက် ဖောက်ပြန်နေတာမို့ အစိုးမရတဲ့ အနတ္တတ၇ားပါပဲ။

ဒီလက္ခဏာရေးသုံးပါးကို အဖန်ဖန်အထပ်ထပ် မြင်နေအောင်

ပွားများရပါမယ်။ လက္ခဏာရေးသုံးပါးကို မြင်တဲ့ဥာဏ်ဟာ

ဝိပဿနာဥာဏ်ပါပဲ။ ၀ိပဿနာဥာဏ်က နုံ့နေအားနည်းနေရင်

မဂ်ကိုနှေးနှေးရောက်ပြီးတော့ ထက်ရင် မြန်မြန်ရောက်ပါတယ်။ ဒီလောက်ပဲ

ထူးခြားပါတယ်။ လက္ခဏာကိုရောက်တဲ့ ၀ိပဿနာဟာ

မဂ်ဥာဏ်ကို ဖြစ်စေနိုင်တယ်လို့ ဋီကာမှာ ဆိုပါတယ်။

* မနေရလို့-သေကြသောခါ၊
ကိုယ့်နောက်ကိုများ-ဘာများပါမှ၊
ပစ္စည်းစုစု-တစ်ခုမပါ၊
ကိုယ်ပြုထား-ကံများပါရမှာ။
* ခန္ဓာမွေးတာ- မြေကျွေးဖို့၊
* ဥစ္စာစုတာ-ထိုက်သူဖို့၊
* အလှူပေးတာ-ကိုယ့်ရေးဖို့
* အိုခြင်းရှိရာ, သူ့ထက်ငါ, ပြိုင်ကာပြေးကြသည်။
* နာခြင်းရှိရာ, သူ့ထက်ငါ, ပြိုင်ကာပြေးကြသည်။
* သေခြင်းရှိရာ, သူ့ထက်ငါ, ပြိုင်ကာပြေးကြသည်
* မအိုရာမှန်, ပြည်နိဗ္ဗာန်, အနိစ္စံ-ရှုကာ ပွားရမည်။
* မနာရာမှန်, ပြည်နိဗ္ဗာန်, ဒုက္ခံ-ရှုကာ ပွားရမည်။
* မသေရာမှန်, ပြည်နိဗ္ဗာန်, အနတ္တံ-ရှုကာ ပွားရမည်။

မြို့တော်ဦးဆရာတော်

BY - ASHIN SUMANGALA

ကမ္မဘ၀နှင့် ဥပပတ္တိဘ၀အဓိပ္ပာယ်



ကမ္မဘ၀နှင့် ဥပပတ္တိဘ၀အဓိပ္ပာယ်

မိုးကုတ်ယောဂီများနှင့် တရားဓမ္မသိလိုသူများကိုသာ ရည်၇ွယ်ပါသည်။

ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာ ဥပါဒါနပစ္စယာဘဝေါလို့ လာပါတယ်။

ဥပါဒါန်ကြောင့် ဘ၀ဖြစ်ပါတယ်။ ဘ၀က ကမ္မဘ၀နဲ့ ဥပပတ္တိဘ၀လို့

နှစ်မျိုးရှိပါတယ်။ ဒီလောကမှာ အချို့လူတွေဟာ

ကြီးပွားချမ်းသာချင်ကြတယ်။ ကာမဂုဏ်စည်းစိမ်တွေကို ခံစားချင်ကြတယ်။

ဒါကြောင့်မို့ ချမ်းသာဖို့အရေးအတွက် ဘာမဆိုကြံစည်တယ်။

ကိုယ်နဲ့ဒုစရိုက်မှု့ကို ပြုပြီးတော့ စီးပွားရှာကြတယ်။

နှုတ်နဲ့လိမ်လည်ပြီးတော့လဲ စီးပွားရှာတယ်။ စိတ်နဲ့မကောင်းတာကို

ကြံစည်ပြီးတော့လဲ စီးပွားရှာကြတယ်။ မသေခင်မှာ

ချမ်းသာဖို့အရေးအတွက်

ဒုစရိုက်မှု့တွေကို ပြုကျင့်ပြီးစီးပွားရှာတော့ သေတဲ့အခါ

အပါယ်လေးဘုံမှာ ဖြစ်ကုန်ကြတယ်။

အဲ့ဒီတော့ အဲ့ဒီလူတွေကို အပါယ်လေးဘုံမှာ ဖြစ်သွားစေတဲ့

အကြောင်းတရားဖြစ်တဲ့ ဒုစရိုက်အကုသိုလ်ကံတွေကို

ကမ္မဘ၀လို့ ခေါ်ပါတယ်။

အလားတူပဲ နတ်စည်းစိမ်ကို လိုချင်လို့ပြုလုပ်တဲ့ ကောင်းတဲ့

သုစရိုက်ကုသိုလ်ကံတွေကိုလဲ ကမ္မဘ၀လို့ ခေါ်ပါတယ်။ ဗြဟ္မစည်းစိမ်ကို

လိုချင်လို့ ပွားများတဲ့ ဘာဝနာကံဟာလဲ ကမ္မဘ၀ဖြစ်ပါတယ်။

အဲ့ဒီကံတွေကြောင့်ဖြစ်တဲ့ ခန္ဓာတွေကိုတော့ ဥပပတ္တိဘ၀လို့ ခေါ်ပါတယ်။

BY- ASHIN SUMANGALA