Monday 9 December 2013

ဝိပဿနာနှင့် မဂ်





တရားဓမ္မ နာယူမှတ်သားလိုသူများအတွက် ရေးသားလိုက်ပါတယ်။

ဝိပဿနာတရားကို အခါအားလျော်စွာ ပွားများလေ့ရှိတဲ့သူတွေဟာ အနိစ္စ

ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါးကို မြင်အောင် ပွားများရပါမယ်။

မိမိရဲ့ခန္ဓာကိုယ်ကို ဥာဏ်နဲ့စောင့်ကြည့်နေတဲ့အခါမှာ

(၀ါ)တ၇ားအားထုတ်နေတဲ့အခါမှာ

ရုပ်တရားနာမ်တရားတွေဟာ ဖြစ်ပြီးပျက်သွားတဲ့သဘောကို ပြပါတယ်။

ဥပမာ -

တရားအားထုတ်ရင်း ခြင်ကိုက်တဲ့ဝေဒနာလေး ဖြစ်တယ်ဆိုပါဆို့။အဲ့ဒီဝေဒ

နာလေးကို စိတ်ကိုဘယ်မှ မလွင့်ပါးစေပဲ

သမာဓိအားကောင်းကောင်းနဲ့ စောင့်ကြည့်နေတဲ့အခါ ဝေဒနာလေးချုပ်သွား

တာကို ဥာဏ်နဲ့သိရပါတယ်။ ပြီးရင် ခါးနာတာ၊ ဇက်ကြောတက်တာ၊

မိမိရဲ့တင်ပါးနှစ်ဖက်လုံး

မီးလိုပူလာတာ၊ ရေခဲလိုအေးလာတာ၊ လေတွေအထက်အောက်

စုံဆန်တက်လာတာ

အစရှိတဲ့ ဝေဒနာတွေ အစားထိုးလာပါမယ်။

အစားထိုးလာတဲ့ဝေဒနာတွေကို စောင့်ကြည့်ရှု့မှတ်နေရင်

အဲ့ဒီဝေဒနာတွေဟာလဲ ပျက်စီးပြီး တခြားဝေဒနာတွေ အစားထိုးပြန်တာပါပဲ။

အဲ့ဒီဝေဒနာတွေဟာ ဖြစ်ပြီးရင် ပျက်သွားတယ်ဆိုတော့

မမြဲတဲ့သဘောတရားဟာ အနိစ္စတရားပါပဲ။ ဒီဝေဒနာတွေကို ခံစားနေရတာ

ဆင်းရဲတဲ့သဘောမို့ ဒုက္ခတရားပါပဲ။ မိမိခန္ဓာကိုယ်ကြီးကို မိမိမပိုင်ပဲ

သူ့သဘောအတိုင်း ဖြစ်ချင်သလိုဖြစ်

ပျက်ချင်သလိုပျက် ဖောက်ပြန်နေတာမို့ အစိုးမရတဲ့ အနတ္တတ၇ားပါပဲ။

ဒီလက္ခဏာရေးသုံးပါးကို အဖန်ဖန်အထပ်ထပ် မြင်နေအောင်

ပွားများရပါမယ်။ လက္ခဏာရေးသုံးပါးကို မြင်တဲ့ဥာဏ်ဟာ

ဝိပဿနာဥာဏ်ပါပဲ။ ၀ိပဿနာဥာဏ်က နုံ့နေအားနည်းနေရင်

မဂ်ကိုနှေးနှေးရောက်ပြီးတော့ ထက်ရင် မြန်မြန်ရောက်ပါတယ်။ ဒီလောက်ပဲ

ထူးခြားပါတယ်။ လက္ခဏာကိုရောက်တဲ့ ၀ိပဿနာဟာ

မဂ်ဥာဏ်ကို ဖြစ်စေနိုင်တယ်လို့ ဋီကာမှာ ဆိုပါတယ်။

* မနေရလို့-သေကြသောခါ၊
ကိုယ့်နောက်ကိုများ-ဘာများပါမှ၊
ပစ္စည်းစုစု-တစ်ခုမပါ၊
ကိုယ်ပြုထား-ကံများပါရမှာ။
* ခန္ဓာမွေးတာ- မြေကျွေးဖို့၊
* ဥစ္စာစုတာ-ထိုက်သူဖို့၊
* အလှူပေးတာ-ကိုယ့်ရေးဖို့
* အိုခြင်းရှိရာ, သူ့ထက်ငါ, ပြိုင်ကာပြေးကြသည်။
* နာခြင်းရှိရာ, သူ့ထက်ငါ, ပြိုင်ကာပြေးကြသည်။
* သေခြင်းရှိရာ, သူ့ထက်ငါ, ပြိုင်ကာပြေးကြသည်
* မအိုရာမှန်, ပြည်နိဗ္ဗာန်, အနိစ္စံ-ရှုကာ ပွားရမည်။
* မနာရာမှန်, ပြည်နိဗ္ဗာန်, ဒုက္ခံ-ရှုကာ ပွားရမည်။
* မသေရာမှန်, ပြည်နိဗ္ဗာန်, အနတ္တံ-ရှုကာ ပွားရမည်။

မြို့တော်ဦးဆရာတော်

BY - ASHIN SUMANGALA

No comments:

Post a Comment