Monday 9 December 2013

ကမ္မဘ၀နှင့် ဥပပတ္တိဘ၀အဓိပ္ပာယ်



ကမ္မဘ၀နှင့် ဥပပတ္တိဘ၀အဓိပ္ပာယ်

မိုးကုတ်ယောဂီများနှင့် တရားဓမ္မသိလိုသူများကိုသာ ရည်၇ွယ်ပါသည်။

ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာ ဥပါဒါနပစ္စယာဘဝေါလို့ လာပါတယ်။

ဥပါဒါန်ကြောင့် ဘ၀ဖြစ်ပါတယ်။ ဘ၀က ကမ္မဘ၀နဲ့ ဥပပတ္တိဘ၀လို့

နှစ်မျိုးရှိပါတယ်။ ဒီလောကမှာ အချို့လူတွေဟာ

ကြီးပွားချမ်းသာချင်ကြတယ်။ ကာမဂုဏ်စည်းစိမ်တွေကို ခံစားချင်ကြတယ်။

ဒါကြောင့်မို့ ချမ်းသာဖို့အရေးအတွက် ဘာမဆိုကြံစည်တယ်။

ကိုယ်နဲ့ဒုစရိုက်မှု့ကို ပြုပြီးတော့ စီးပွားရှာကြတယ်။

နှုတ်နဲ့လိမ်လည်ပြီးတော့လဲ စီးပွားရှာတယ်။ စိတ်နဲ့မကောင်းတာကို

ကြံစည်ပြီးတော့လဲ စီးပွားရှာကြတယ်။ မသေခင်မှာ

ချမ်းသာဖို့အရေးအတွက်

ဒုစရိုက်မှု့တွေကို ပြုကျင့်ပြီးစီးပွားရှာတော့ သေတဲ့အခါ

အပါယ်လေးဘုံမှာ ဖြစ်ကုန်ကြတယ်။

အဲ့ဒီတော့ အဲ့ဒီလူတွေကို အပါယ်လေးဘုံမှာ ဖြစ်သွားစေတဲ့

အကြောင်းတရားဖြစ်တဲ့ ဒုစရိုက်အကုသိုလ်ကံတွေကို

ကမ္မဘ၀လို့ ခေါ်ပါတယ်။

အလားတူပဲ နတ်စည်းစိမ်ကို လိုချင်လို့ပြုလုပ်တဲ့ ကောင်းတဲ့

သုစရိုက်ကုသိုလ်ကံတွေကိုလဲ ကမ္မဘ၀လို့ ခေါ်ပါတယ်။ ဗြဟ္မစည်းစိမ်ကို

လိုချင်လို့ ပွားများတဲ့ ဘာဝနာကံဟာလဲ ကမ္မဘ၀ဖြစ်ပါတယ်။

အဲ့ဒီကံတွေကြောင့်ဖြစ်တဲ့ ခန္ဓာတွေကိုတော့ ဥပပတ္တိဘ၀လို့ ခေါ်ပါတယ်။

BY- ASHIN SUMANGALA

No comments:

Post a Comment