Monday, 11 November 2013



ရဟန္တာပုဂ္ဂိုလ်တို့သည် ထိနမိဒ္ဓကို ပယ်ပြီးဖြစ်ပါလျက်နှင့် အဘယ့်ကြောင့်

အိပ်ကြသေးသနည်း။

ထိနဆိုတာ စိတ်၏ထိုင်းမိုင်းခြင်းကို ဆိုလိုပါတယ်။

မိဒ္ဓဆိုတာ စေတသိတ်တို့၏ ထိုင်းမိုင်းခြင်းကို ဆိုလိုပါတယ်။ စိတ်ကတော့

သိပါတယ်၊ စေတသိတ်ဆိုတာ ဘာပါလဲဟုဆိုလျှင် မိမိတို့၏

ခန္ဓာကိုယ်ကြီးတွင် ခန္ဓာသည် ရုပ်, ဝေဒနာ ,သညာ, သင်္ခါရ,

ဝိညာဏ်အားဖြင့် ငါးပါးရှိတယ်။ ဥပမာ -

မိမိတို့ ထမင်းစားတဲ့အခါ ထမင်းဆိုတဲ့ရုပ်တရားနှင့် လက်ဆိုတဲ့

ရုပ်တရားခြင်း ထိတွေ့ခြင်းဟာ ရုပ်တရားဖြစ်တယ်။ ထမင်းနှင့်ဟင်း

မျှတအောင် ပြုပြင်ခြင်းဟာ သင်္ခါရဖြစ်တယ်။ စားရန်အတွက်

ထမင်းလုပ်ကို ခံတွင်းသို့သယ်ဆောင်လာခြင်းကို မှတ်သားလိုက်ခြင်းဟာ

သညာဖြစ်တယ်။ စားနေတယ် ၀ါးနေတယ်လို့ သိနေခြင်းဟာ

ဝိညာဏ်ဖြစ်တယ်။ စားတဲ့အခါ အရသာကို

ခံစားခြင်းဟာ ဝေဒနာတရားဖြစ်တယ်။ ဒီခန္ဓာငါးပါးထဲက ဝေဒနာ သညာ

သင်္ခါရ ၃ပါးက စေတသိတ်လို့ခေါ်ပါတယ်။

ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာ ရုပ်တရားရဲ့ပင်ပန်းနွမ်းနယ်မှု့ကြောင့်ရော

စိတ်စေတသိတ်တို့ရဲ့ ထိုင်းမိုင်းခြင်းကြောင့်ရော ငိုက်မျည်းကြတယ်

အိပ်ကြတယ်။ ထိနမိဒ္ဓကို ပယ်ပြီးဖြစ်တဲ့ ရဟန္တာတို့ရဲ့ အိပ်ခြင်းကျတော့

စိတ်စေတသိတ်ဖြစ်တဲ့ ထိနမိဒ္ဓကြောင့် အိပ်တာမဟုတ်ပါဘူး။

ခန္ဓာကိုယ်ကြီးရဲ့ ပင်ပန်းနွမ်းနယ်မှု့ ကရဇကာယရဲ့

ကြင်နာနွမ်းနယ်မှု့ကြောင့်သာ အိပ်ခြင်းဖြစ်ပါတယ်။

BY-ASHIN SUMANGALA

No comments:

Post a Comment