Tuesday, 17 December 2013
မြတ်စွာဘုရားရှင်၏ တပည့်သာဝကအစစ်
မြတ်စွာဘုရားရှင်၏ တပည့်သာဝကအစစ်
**************************
() မိမိကိုယ်ကို ပူပန်ပင်ပန်းအောင် ကျင့်တဲ့သူဟာ
အတ္တန္တပပုဂ္ဂိုလ် ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ အ၀တ်မ၀တ်ပဲကျင့်ခြင်း၊
တစ်အိမ်တည်းမှရသော ထမင်းကိုသာစားခြင်း၊ တစ်လုပ်မျှသာစားခြင်း၊
တစ်ရက်ခြားစားခြင်း၊ ခုနှစ်ရက်ခြားစားခြင်း၊
သစ်သီးဝလံသစ်ရွက်မျှကိုသာစားခြင်း (သတ်သတ်လွတ်စားခြင်း)
မထိုင်မလျောင်းပဲ
ရက်လျက်သာနေခြင်း၊ စောင့်ကြောင့်ထိုင်လျက်သာနေခြင်း၊
တစ်နေ့လျှင်သုံးကြိမ်ရေစိမ်ခြင်း အစရှိတဲ့အကျင့်တွေနဲ့ ကိုယ့်ကိုကိုယ်
ပင်ပန်းအောင်ကျင့်တယ်။
() သူတပါးကို ပူပန်ပင်ပန်းအောင် ပြုကျင့်တဲ့သူဟာ
ပရန္တပပုဂ္ဂိုလ် ဖြစ်ပါတယ်။ အဲ့ဒီသူတွေဟာ
ဆိတ်သိုးဝက်ကြက်ငှက်ကျွဲနွားသားကောင်တို့ကို သတ်ခြင်း၊
သူတပါးဥစ္စာကို ခိုးခြင်း၊ လုယူခြင်း၊ နှိပ်စက်ခြင်း၊ သတ်ခြင်းစသည်တို့နဲ့
သူတပါးတို့ကို ပူပန်ပင်ပန်းအောင် ပြုကျင့်တယ်။
() မိမိကိုယ်ကိုရော
သူတပါးတို့ကိုရော ပူပန်ပင်ပန်းအောင် ပြုကျင့်တဲ့သူဟာ အတ္တန္တပ-
ပရန္တပပုဂ္ဂိုလ် ဖြစ်ပါတယ်။ အဲ့သူသူဟာ သူ့ရဲ့ဘာသာရေးတရားအရ
မိမိကိုယ်တိုင်လဲ အ၀တ်အစား အနေအထိုင်
ဆင်းရဲအောင်ကျင့်ပြီး၊ နွားကျွဲဆိတ်သိုးမြင်း စသည်တို့ကိုသတ်ပြီး
ယဇ်ပူဇော်ခြင်းကို ပြုလုပ်တယ်။
မြတ်စွာဘုရားရှင်၏ တပည့်သာဝကအစစ်တွေဟာ အဲ့ဒီအတ္တန္တပစတဲ့
ပုဂ္ဂိုလ်သုံးမျိုးလို ဖောက်ပြန်မှားယွင်းစွာ မကျင့်ကြပါ။
BY - ASHIN SUMANGALA
အပုပ်ကောင် ခန္ဓာကိုယ်
အပုပ်ကောင် ခန္ဓာကိုယ်
***************
နှစ်သက်ဖွယ်မဟုတ်ဘဲ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ပါရက်နဲ့
နှစ်သက်စရာကောင်းတယ်၊ ချောတယ်၊ လှတယ်လို့ လူတွေက
(ပညာမျက်စိမရှိသူတွေက) ပြောဆိုကြတယ်။ မစင်ကြယ်ပါဘဲနဲ့လဲ
စင်ကြယ်ပါတယ်လို့ သမုတ်ကြတယ်။
ကျင်ကြီးကျင်ငယ်စတဲ့ အပုပ်အမျိုးမျိုးတွေနဲ့ အတိပြီးနေတဲ့
ဒီခန္ဓာယ်ကိုယ်ကြီးက ပညာမျက်စိနဲ့ မမြင်နိုင်တဲ့ လူပြိန်းတွေကို
နှစ်သက်ဖွယ်ထင်အောင်၊ ချောတယ် လှတယ်ထင်အောင်
အယောင်ဆောင်ပြီး ပြတ်တတ်ပါတယ်။
ရောဂါအမျိုးမျိုးတွေနဲ့ နာကျင်တဲ့ ပုပ်ညှီတဲ့အနံ့ရှိတဲ့ နာခြင်းသဘောရှိတဲ့
ဒီအပုပ်ကောင်ရုပ်ကိုယ်ရဲ့ ရွံရွာဖွယ်ကို (၀ါ) ဒီအပုပ်ကောင် ရုပ်ကိုယ်ကို
စက်ဆုပ်ရွံရှာခြင်းသည် သင်တို့အား ဖြစ်ပါစေလော့။
BY – ASHIN SUMANGALA
သံဝေဂ၀တ္ထု(၈)ပါးဟူသည် အဘယ်နည်း။
သံဝေဂ၀တ္ထု()ပါးဟူသည် အဘယ်နည်း။
**************************
သံဝေဂ၀တ္ထု()ပါးဆိုတာက ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊
အပါယ်ဆင်းရဲ၊ ပြီးခဲ့တဲ့ အတိတ်ကာလက ၀ဋ်ဆင်းရဲ၊
လာမယ့်အနာဂတ်ကာလမှာဖြစ်မယ့် ၀ဋ်ဆင်းရဲ၊ အာရှာရကို ရှာဖွေရခြင်း
အကြောင်းရှိတဲ့ဆင်းရဲဆိုပြီး ()ပါးရှိပါတယ်။
ထို()ပါးကို ရှင်းလင်းချက် -
ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာတွေက
လူ့ဘုံနတ်ဘုံလို့ခေါ်တဲ့ သုဂတိဘုံမှာကော၊
ငရဲတိရစ္ဆာန်ပြိတ္တာအသုရကာယ်ဆိုတဲ့ ဒုဂတိဘုံမှာကော ဖြစ်ပါတယ်။
ငရဲဘုံမှာ အနှောင်အဖွဲ့ခံရတာ၊ ပြိတ္တာဘုံ အသုရကာယ်ဘုံတွေမှာ
အစာငတ်ရေငတ်ခံရတာ၊ တိရစ္ဆာန်ဘုံမှာ အချင်းချင်းနှိပ်စက်ခြင်း အစရှိတဲ့
ဆင်းရဲတွေကို အပါယ်ဆင်းရဲလို့ သီးခြားပြဆိုထားပါတယ်။
ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနဲ့အပါယ်ဆင်းရဲ
ဆိုတာတွေကတော့ သတ္တ၀ါတွေရဲ့ယခုဖြစ်ဆဲ ပစ္စုပ္ပန်ဘ၀နဲ့
ဆိုင်ပါတယ်။ ဒါကြောင့် အတိတ်ကာလနဲ့ အနာဂတ်ကာလက
ဝဋ်ဆင်းရဲတွေကို သီးခြင်းပြဆိုခြင်း ဖြစ်ပါတယ်။
အာဟာရကိုမှီပြီး အသက်ရှင်ရတဲ့ သတ္တ၀ါတွေမှာ (လုံ့လကိုမှီပြီး
အသက်ရှင်ရတဲ့ သတ္တ၀ါတွေ အာဟာရကို ရှာရခြင်းဆင်းရဲဟာ
အစာမရှာရတဲ့ သတ္တ၀ါတွေနဲ့ မဆိုင်ပါ။) အာဟာရကို ရှာရခြင်းဆိုတဲ့
အသက်မွေးမှု့ကြောင့်ဖြစ်တဲ့ ဆင်းရဲကို
()ခုမြောက် သံဝေဂ၀တ္ထုအဖြစ် ပြဆိုထားခြင်း ဖြစ်တယ်လို့
ဋီကာမှာဆိုထားပါတယ်။
Sunday, 15 December 2013
သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိ အယူဝါဒသုံးပါး အဓိပ္ပာယ်
သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိ  အယူဝါဒသုံးပါး အဓိပ္ပာယ်
မိုးကုတ်ယောဂီများ၊ တရားဓမ္မ စိတ်ပါဝင်စားသူများကိုသာ ရည်၇ွယ်ပါသည်။
သတ္တ၀ါလို့ခေါ်တဲ့ အတ္တကောင်ဟာ သေသွားရင် ပျက်စီးခြင်းမရှိဘဲနဲ့ တစ်ဘ၀ကနေ 
တစ်ဘ၀ကို ၀ိညာဉ်လိပ်ပြာအဖြစ်နဲ့ ပြောင်းရွှေ့ကြင်လည်နေတယ်လို့ ယူဆလို့ရှိရင် 
သဿတဒိဋ္ဌိလို့ခေါ်တဲ့ မိစ္ဆာအယူဝါဒ ဖြစ်ပါတယ်။ ဘာကြောင့် 
အယူမှားကုန်ကြလဲဆိုတော့ သေသွားတဲ့အခါ ခန္ဓာကိုယ်ကြီးကတော့ 
ပုပ်ပွပျက်စီးသွားတော့ ထင်ရှားတယ်၊ စိတ်ကသိမ်မွေ့ပြီး မမြင်နိုင်တဲ့အရာဖြစ်တော့ 
ဝိညာဉ်လိပ်ပြာအဖြစ်နဲ့ နောက်ထပ်တစ်ဘ၀ကို ကူးပြောင်းသွားတယ်လို့မိစ္ဆာအယူကို 
ယူကုန်ကြခြင်းပဲ ဖြစ်ပါတယ်။
သတ္တ၀ါတွေဟာ သေတဲ့အခါ လုံးလုံးပျက်စီးသွားတယ်လို့ ယူဆပြန်ရင်လဲ ဥစ္ဆေဒဒိဋ္ဌိဆိုတဲ့ 
မိစ္ဆာအယူဝါဒပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သေသွားတဲ့အခါမှာ ဘာမှမကျန်ပဲ 
လုံးဝကွယ်ပျောက်သွားတယ်လို့ မှားယွင်းစွာ 
ယူဆတဲ့အတွက် ဖြစ်ပါတယ်။ သေရင်ပြတ်တယ်၊ သေရင်အေးတာပဲဆိုတဲ့ စကားတွေဟာ 
ဒီမိစ္ဆာဒိဋ္ဌိကလာတဲ့ စကားတွေပဲ ဖြစ်ပါတယ်။ 
သမ္မာဒိဋ္ဌိဆိုတာက သတ္တ၀ါလို့ခေါ်တဲ့ လက်ရှိရုပ်နာမ်အစဉ်ကြီး 
ပျက်စီးပြီး သေသွားတဲ့အခါမှာ အတ္တကောင် မရှိပေမယ့်လဲ တဏှာမကင်းသေးရင် 
မိမိပြုထားတဲ့ ကံတွေရဲ့အစွမ်းကြောင့် ရုပ်နာမ်အသစ် ဖြစ်ပေါ်ပြီး ဘ၀သစ်တွေ 
တစ်ဘ၀ပြီးတစ်ဘ၀ ဖြစ်သွားတယ်လို့ ယူဆတဲ့ မှန်ကန်သော အယူဝါဒပဲ ဖြစ်ပါတယ်။ 
ဒီဘ၀က အသက်ကောင်ကြီးဟာ တစ်ခြားဘ၀ကို ပြောင်းသွားတယ်လို့ မယူဆပဲနဲ့ 
ကံရဲ့အစွမ်းကြောင့် ရုပ်နာမ်အသစ်ဖြစ်သွားတယ်လို့ မှန်ကန်တဲ့ သမ္မာဒိဋ္ဌိအယူကို 
အသက်ရှင်စဉ်မှာလဲ မောင်ဖြူ၊ မောင်နီ၊ ယောကျာ်း၊ 
မိန်းမရယ်လို့မရှိပါဘူး။ ခေါ်ဝေါ်ပညတ်ထားခြင်းမျှသာ ဖြစ်ပါတယ်။ အမှန်စင်စစ် 
ရုပ်နာမ်အစဉ်ကြီးမျှသာ ဖြစ်ပါတယ်။ 
တဏှာကင်းကွာတော်မူတဲ့ ဘုရားရဟန္တာတွေမှာတော့ ပရိနိဗ္ဗာန်ပြုတဲ့အခါမှာ 
အကြောင်းကံတွေ ချုပ်ငြမ်းပြီး ဖြစ်တဲ့အတွက်ကြောင့် ရုပ်နာမ်အသစ် 
ထပ်မဖြစ်တော့ပါဘူး။ 
ဘုရားရဟန္တာတွေဟာ ကုသိုလ်ကံကိုပြုပေမယ့်လဲ ကုသိုလ်မဖြစ်တော့ပါဘူး၊ 
သူတို့ရဲ့စိတ်ကိုက ကုသိုလ်လဲမဟုတ် အကုသိုလ်လဲမဟုတ်တဲ့ 
ကြိယာဗျာကတစိတ်ပဲ ဖြစ်ပါတယ်။ 
သတ္တ၀ါတွေကို သံသရာမှာ ထပ်ကာတလဲလဲ ကြင်လည်စေတာက 
ကုသိုလ်ကံအသိုလ်ကံဆိုတဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ 
တရားဘာဝနာကို ဆောင်ထားကြတဲ့ (မိမိတို့တတ်အားသရွေ့ အားရင်အားသလို 
နာရီဝက် 
တစ်နာရီ အားထုတ်တတ်ကြတဲ့ ) ယောဂီတွေအနေနဲ့ တရားအားထုတ်စဉ် အခါမှာ 
ရုပ်နာမ်ရဲ့ဖြစ်မှု့ပျက်မှု့တွေကိုပဲ အာရုံပြုရှု့မှတ်နေရပါမယ်။ ရှုမှတ်နေတုန်း 
ကြားမှာဘာစိတ်မှ အ၀င်မခံပါနဲ့။ တရားထိုင်ရင်းနဲ့ ဘယ်ကိုသွားပြီး အလှူတခုပြုမယ် 
ဘယ်ကိုဘုရားသွားဖူးမယ်ဆိုတဲ့ ကုသိုလ်စိတ်မျိုးကိုလဲ အ၀င်မခံရပါဘူး။ ဒါဖြင့် 
တရားအားထုတ်နေတာကကော ကုသိုလ်စိတ်တွေဖြစ်နေတာ မဟုတ်ဘူးလားဆိုတော့ 
ဟုတ်ပါတယ်။ 
ဒါပေမယ့် တရားရှု့မှတ်နေတဲ့အခါမှာတော့ စိတ်ကလေးကို တစ်ခုတည်းသော အာရုံမှာပဲ 
တည်ကြည်အောင်ထားပြီး ရုပ်နာမ်တစ်ခု ဖြစ်သွားတာ၊ ပျက်သွားတာ၊ 
ပျက်ပြီးရင် နောက်တစ်ခု အစားထိုးလာတာ၊ ဒါတွေကို 
စဉ်ဆက်မပြတ် မြင်အောင်ကြည့်နေရပါမယ်။ တရားထိုင်ရင်းနဲ့ ဘယ်တုန်းက 
ငါဘာကုသိုလ်တွေ ပြုခဲ့တာဆိုပြီး အတွေးတွေ လွင့်မြောနေရမှာ မဟုတ်ပါဘူး။   
 ဒါပေမယ့် လောကမှာ ပြောပြောနေကြတဲ့ ကုသိုလ်ကိုလဲပယ်ရမယ် အကုသိုလ်ကိုလဲ 
ပယ်ရမယ်ဆိုတဲ့စကားမဟုတ်မမှန်ပါဘူး။ အကုသိုလ်ကတော့ ပြုကိုမပြုသင့်တဲ့ 
တရားဆိုးပဲ ဖြစ်ပါတယ်။ ကုသိုလ်တွေကိုလဲ နေ့စဉ်နှင့်အမျှ မိမိတို့ 
တတ်အားသရွေ့ ပြုနေကြရမှာ ဖြစ်ပါတယ်။ 
တရားအားထုတ်စဉ်အခါမှာတော့  ရုပ်နာမ်ရဲ့အဖန်ဖန်အထပ်ထပ် ဖြစ်ပျက်နေခြင်းကို 
ရှု့မှတ်နေခြင်းမှတစ်ပါး ဘာစိတ်မှအ၀င်မခံရပါဘူး။ 
ရုပ်နာမ်တွေ ဖြစ်နေပျက်နေကြတာကိုလဲ ဒီအတိုင်းနေရင် ဘယ်သူမှ မသိနိုင်ဘူး၊ 
မမြင်နိုင်ကြပါဘူး။ 
သမာဓိအားကောင်းကောင်းနဲ့ စောင့်ကြည့်ရှု့မှတ်နေမှသာ မြင်နိုင်ပါမယ် 
။ မြင်တဲ့အခါ ဖြစ်ခြင်းပျက်ခြင်းတွေနဲ့ အဖန်ဖန်တလဲလဲ နှိပ်စက်နေတဲ့ 
ခန္ဓာကိုယ်ကြီးကို ငြီးငွေ့တဲ့ သံဝေဂဥာဏ်ပေါ်ပါမယ်။ ၀ိပဿနာမှာ သံဝေဂဥာဏ်ဟာ
 အခရာပါပဲ။ ငြီးငွေ့မှလဲ လွတ်မြောက်ချင်တဲ့စိတ်ဖြစ်ပါမယ်။ 
ဘုရားရဟန္တာပုဂ္ဂိုလ်တွေမှာ ပရိနိဗ္ဗာန်ပြုတဲ့အခါ တစ်သံသရာလုံး ဖြစ်လာတဲ့ 
ရုပ်နာမ်အစဉ်ကြီး ပြတ်စဲသွားရုံမျှသာ ဖြစ်ပါတယ်၊ အတ္တကောင်ကြီး ပျောက်ပျက်သွားတာ 
မဟုတ်ဘူးလို့ မှန်ကန်စွာ ယူဆမှသာ မဇ္ဈိမပဋိပဒါ သမ္မာဒိဋ္ဌိအယူ ဖြစ်ပါတယ်။ 
ကိလေသာ ကင်းသွားရင် ကံကအကျိုးမပေးနိုင်တော့တဲ့အတွက် 
ဘ၀သစ်ရုပ်နာမ်မဖြစ်ပေါ်ရတော့ပဲ ဆင်းရဲတွေ ငြိမ်းသွားပါတော့တယ်။
(ယခင်ကရေးခဲ့သော လောကမှာ လူသေရင် ၀ိညာဉ်လိပ်ပြာ 
အိမ်မှာ(၇)ရက်နေတယ်ဆိုတာ ဟုတ်မဟုတ်ဆိုသော တရားစာပေနှင့် နှိုင်းယှဉ်ပြီး 
ဖတ်ရှု့လေ့လာကြပါလို့ မှာလိုပါတယ်။)
BY – ASHIN SUMANGALA