Tuesday 17 December 2013

မြတ်စွာဘုရားရှင်၏ တပည့်သာဝကအစစ်



မြတ်စွာဘုရားရှင်၏ တပည့်သာဝကအစစ်
**************************

() မိမိကိုယ်ကို ပူပန်ပင်ပန်းအောင် ကျင့်တဲ့သူဟာ

အတ္တန္တပပုဂ္ဂိုလ် ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ အ၀တ်မ၀တ်ပဲကျင့်ခြင်း၊

တစ်အိမ်တည်းမှရသော ထမင်းကိုသာစားခြင်း၊ တစ်လုပ်မျှသာစားခြင်း၊

တစ်ရက်ခြားစားခြင်း၊ ခုနှစ်ရက်ခြားစားခြင်း၊

သစ်သီးဝလံသစ်ရွက်မျှကိုသာစားခြင်း (သတ်သတ်လွတ်စားခြင်း)

မထိုင်မလျောင်းပဲ

ရက်လျက်သာနေခြင်း၊ စောင့်ကြောင့်ထိုင်လျက်သာနေခြင်း၊

တစ်နေ့လျှင်သုံးကြိမ်ရေစိမ်ခြင်း အစရှိတဲ့အကျင့်တွေနဲ့ ကိုယ့်ကိုကိုယ်

ပင်ပန်းအောင်ကျင့်တယ်။



() သူတပါးကို ပူပန်ပင်ပန်းအောင် ပြုကျင့်တဲ့သူဟာ

ပရန္တပပုဂ္ဂိုလ် ဖြစ်ပါတယ်။ အဲ့ဒီသူတွေဟာ

ဆိတ်သိုးဝက်ကြက်ငှက်ကျွဲနွားသားကောင်တို့ကို သတ်ခြင်း၊

သူတပါးဥစ္စာကို ခိုးခြင်း၊ လုယူခြင်း၊ နှိပ်စက်ခြင်း၊ သတ်ခြင်းစသည်တို့နဲ့

သူတပါးတို့ကို ပူပန်ပင်ပန်းအောင် ပြုကျင့်တယ်။



() မိမိကိုယ်ကိုရော

သူတပါးတို့ကိုရော ပူပန်ပင်ပန်းအောင် ပြုကျင့်တဲ့သူဟာ အတ္တန္တပ-

ပရန္တပပုဂ္ဂိုလ် ဖြစ်ပါတယ်။ အဲ့သူသူဟာ သူ့ရဲ့ဘာသာရေးတရားအရ

မိမိကိုယ်တိုင်လဲ အ၀တ်အစား အနေအထိုင်

ဆင်းရဲအောင်ကျင့်ပြီး၊ နွားကျွဲဆိတ်သိုးမြင်း စသည်တို့ကိုသတ်ပြီး

ယဇ်ပူဇော်ခြင်းကို ပြုလုပ်တယ်။


မြတ်စွာဘုရားရှင်၏ တပည့်သာဝကအစစ်တွေဟာ အဲ့ဒီအတ္တန္တပစတဲ့

ပုဂ္ဂိုလ်သုံးမျိုးလို ဖောက်ပြန်မှားယွင်းစွာ မကျင့်ကြပါ။


BY - ASHIN SUMANGALA

No comments:

Post a Comment