Tuesday 17 December 2013

သံဝေဂ၀တ္ထု(၈)ပါးဟူသည် အဘယ်နည်း။



သံဝေဂ၀တ္ထု()ပါးဟူသည် အဘယ်နည်း။
**************************

သံဝေဂ၀တ္ထု()ပါးဆိုတာက ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊

အပါယ်ဆင်းရဲ၊ ပြီးခဲ့တဲ့ အတိတ်ကာလက ၀ဋ်ဆင်းရဲ၊

လာမယ့်အနာဂတ်ကာလမှာဖြစ်မယ့် ၀ဋ်ဆင်းရဲ၊ အာရှာရကို ရှာဖွေရခြင်း

အကြောင်းရှိတဲ့ဆင်းရဲဆိုပြီး ()ပါးရှိပါတယ်။


ထို()ပါးကို ရှင်းလင်းချက် -

ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာတွေက

လူ့ဘုံနတ်ဘုံလို့ခေါ်တဲ့ သုဂတိဘုံမှာကော၊

ငရဲတိရစ္ဆာန်ပြိတ္တာအသုရကာယ်ဆိုတဲ့ ဒုဂတိဘုံမှာကော ဖြစ်ပါတယ်။


ငရဲဘုံမှာ အနှောင်အဖွဲ့ခံရတာ၊ ပြိတ္တာဘုံ အသုရကာယ်ဘုံတွေမှာ

အစာငတ်ရေငတ်ခံရတာ၊ တိရစ္ဆာန်ဘုံမှာ အချင်းချင်းနှိပ်စက်ခြင်း အစရှိတဲ့

ဆင်းရဲတွေကို အပါယ်ဆင်းရဲလို့ သီးခြားပြဆိုထားပါတယ်။


ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနဲ့အပါယ်ဆင်းရဲ

ဆိုတာတွေကတော့ သတ္တ၀ါတွေရဲ့ယခုဖြစ်ဆဲ ပစ္စုပ္ပန်ဘ၀နဲ့

ဆိုင်ပါတယ်။ ဒါကြောင့် အတိတ်ကာလနဲ့ အနာဂတ်ကာလက

ဝဋ်ဆင်းရဲတွေကို သီးခြင်းပြဆိုခြင်း ဖြစ်ပါတယ်။


အာဟာရကိုမှီပြီး အသက်ရှင်ရတဲ့ သတ္တ၀ါတွေမှာ (လုံ့လကိုမှီပြီး

အသက်ရှင်ရတဲ့ သတ္တ၀ါတွေ အာဟာရကို ရှာရခြင်းဆင်းရဲဟာ

အစာမရှာရတဲ့ သတ္တ၀ါတွေနဲ့ မဆိုင်ပါ။) အာဟာရကို ရှာရခြင်းဆိုတဲ့

အသက်မွေးမှု့ကြောင့်ဖြစ်တဲ့ ဆင်းရဲကို

()ခုမြောက် သံဝေဂ၀တ္ထုအဖြစ် ပြဆိုထားခြင်း ဖြစ်တယ်လို့

ဋီကာမှာဆိုထားပါတယ်။

No comments:

Post a Comment