Tuesday 17 December 2013

အပုပ်ကောင် ခန္ဓာကိုယ်



အပုပ်ကောင် ခန္ဓာကိုယ်
***************

နှစ်သက်ဖွယ်မဟုတ်ဘဲ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ပါရက်နဲ့

နှစ်သက်စရာကောင်းတယ်၊ ချောတယ်၊ လှတယ်လို့ လူတွေက

(ပညာမျက်စိမရှိသူတွေက) ပြောဆိုကြတယ်။ မစင်ကြယ်ပါဘဲနဲ့လဲ

စင်ကြယ်ပါတယ်လို့ သမုတ်ကြတယ်။


ကျင်ကြီးကျင်ငယ်စတဲ့ အပုပ်အမျိုးမျိုးတွေနဲ့ အတိပြီးနေတဲ့

ဒီခန္ဓာယ်ကိုယ်ကြီးက ပညာမျက်စိနဲ့ မမြင်နိုင်တဲ့ လူပြိန်းတွေကို

နှစ်သက်ဖွယ်ထင်အောင်၊ ချောတယ် လှတယ်ထင်အောင်

အယောင်ဆောင်ပြီး ပြတ်တတ်ပါတယ်။


ရောဂါအမျိုးမျိုးတွေနဲ့ နာကျင်တဲ့ ပုပ်ညှီတဲ့အနံ့ရှိတဲ့ နာခြင်းသဘောရှိတဲ့

ဒီအပုပ်ကောင်ရုပ်ကိုယ်ရဲ့ ရွံရွာဖွယ်ကို (၀ါ) ဒီအပုပ်ကောင် ရုပ်ကိုယ်ကို

စက်ဆုပ်ရွံရှာခြင်းသည် သင်တို့အား ဖြစ်ပါစေလော့။


BY – ASHIN SUMANGALA

No comments:

Post a Comment