နိရောဓသမာပတ်သည် သင်္ခတတရား ဖြစ်ပါသလား။
နိဗ္ဗာန်ဆိုတာ ဘာပါလဲ။
ကျင့်သုံးကြပါသလဲ။
နိရောဓသမာပတ်သည် သင်္ခတတရားလားဆိုတဲ့ မေးခွန်းမှာ
နိရောဓသမာပတ်ကို
သင်္ခတတရားလို့လဲ မဆိုအပ်ပါဘူး။
အသင်္ခတတရားလို့လဲ မဆိုအပ်ပါဘူး။
သင်္ခတတရားဆိုတာက ပြုအပ်ပြင်အပ်တဲ့တရား၊
ပြုသလိုပြင်သလို ဖြစ်မယ့်သဘောကို ဆိုလိုပါတယ်။
ဥပမာပေးရရင် မြေပဲစေ့ထဲမှာ မြေပဲပေါက်မယ့်သဘောဟာ
ရှိပါတယ်။
ရေမြေနဲ့သာ ထိရရင် မြေပဲပင်ပေါက်လာပါမယ်။
မီးနဲ့လှော် ရေနွေးနဲ့ပြုတ်ရင်တော့ မပေါက်တော့ပါဘူး။
အဲ့ဒီမြေပဲစေ့ထဲမှာ
ကိန်းပြီးရှိနေတဲ့ မြေပဲပင်ပေါက်မယ့်သဘောဟာ သင်္ခတတရားပါပဲ။
နိရောဓသမာပတ် ၀င်စားတယ်ဆိုတာကတော့
ဈာန်(၈)ပါးကို
အစဉ်အတိုင်းဝင်စားပြီး နာမ်တရားတွေ
အကုန်ချုပ်ငြိမ်းကာ
ငြိမ်းအေးမှု့သက်သက်ဖြင့်
နေခြင်းကို ဆိုပါတယ်။ (နိ - မရှိ + ရောဓ
-
ထောင် = နိရောဓ - ဒုက္ခထောင်မရှိ။)
ဒါ့အပြင် နိရောဓသမာပတ်ကို လောကီတရားလို့လဲ
မဆိုအပ်ပါဘူး။
လောကုတ္တရာတရားလို့လဲ မဆိုအပ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ပရမတ္ထတရားအားဖြင့်
ထင်ရှားမရှိတဲ့အတွက်
ဖြစ်ပါတယ်။ (ပရမတ္ထတရားတွေကတော့
စိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗာန် ဖြစ်ပါတယ်။ နိရောဓသမာပတ်သည်
ပရမတ္ထတရားတွင် မပါဝင်ပါ။)
နိရောဓသမာပတ်မှ ထပြီးတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာ အသင်္ခတဓာတ် နိဗ္ဗာန်ကို
ညွတ်ပါတယ်။ တဏှာမှလွတ်မြောက်ရာဖြစ်လို့
နိဗ္ဗာန်ခေါ်ပါတယ်။
နာမ်တရားရုပ်တရားတွေမှာ ဥပါဒ၊်ဌီ၊ဘင်လို့ခေါ်တဲ့ ဖြစ်၊တည်၊ပျက် မရှိပဲ
ချုပ်ငြိမ်းသွားတာကို နိဗ္ဗာန် ခေါ်ပါတယ်။
ဒါ့အပြင် နိဗ္ဗာန်ဆိုတာ မဂ်ဖိုလ်ပစ္စဝေက္ခဏာတို့ဖြင့် သိရရုံမျှသာ
ဖြစ်ပါတယ်။
ပရိနိဗ္ဗာန်ပြုတဲ့အခါမှာ အဲ့ဒီနိဗ္ဗာန်ကို ရောက်သွားတာလဲ မဟုတ်ပါဘူး။
၎င်းရဲ့အရသာကို
ခံစားရတာလဲ မဟုတ်ပါဘူး။ ဒါ့အပြင်
သဥပါဒိသေသနိဗ္ဗာန်နဲ့
အနုပါဒိသေသနိဗ္ဗာန် နှစ်မျိုးရှိပါတယ်။ ရဟန္တာပုဂ္ဂိုလ်တွေမှာ
လက်ရှိခန္ဓာကြီး ရှိနေသေးတဲ့အတွက်
၎င်း၏ကိလေသာအားလုံး ငြိမ်းခြင်းသဘောကို
သဥပါဒိသေသနိဗ္ဗာန်
ခေါ်ပါတယ်။
ရဟန္တာပုဂ္ဂိုလ်မှာ ပရိနိဗ္ဗာန်ပြုပြီးတဲ့အခါ နောက်ထပ်ခန္ဓာပြန်မရတော့တဲ့
ခန္ဓာအကြွင်းမရှိတဲ့ နိဗ္ဗာန်ကို အနုပါဒိသေသနိဗ္ဗာန်လို့ ခေါ်ပါတယ်။
စင်စစ်လိုအပ်တာကတော့ တစ်သံသရာလုံးမှာ
အကြောင်းအကျိုး
ဆက်စပ်ပြီးတော့ မပြတ်ဖြစ်နေတဲ့ ကံ ကိလေသာ ၀ိပါက် ခန္ဓာတို့ရဲ့
ချုပ်ငြိမ်းမှု့ပဲ
ဖြစ်ပါတယ်။ အဲ့ဒီချုပ်ငြိမ်းမှု့အတွက်သာ
ဗုဒ္ဓသာသနာတော်မှာ ဗြဟ္မစရိယလို့ခေါ်တဲ့ အကျင့်မြတ်ကို
ကျင့်သုံးကြခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဘုရားအထံမှာ အကျင့်မြတ်ကို အဘယ်အကျိုးငှာ
ကျင့်ပါသလဲဆိုတဲ့ အမေးကို အနုပါဒါ ပရိနိဗ္ဗာနတံ - အစွဲအလန်း
အကြောင်းကင်းပြီး အပြီးတိုင်
ငြိမ်းခြင်းအကျိုးငှာ ကျင့်တယ်လို့
အရှင်ပုဏ္ဏစတဲ့ မထေရ်မြတ်တို့က ဖြေကြားတော်မူကြပါတယ်။
BY – ASHIN SUMANGALA
No comments:
Post a Comment