Thursday 12 December 2013

ရောဂါဝေဒနာကို ရှု့မှတ်ပြီး မဂ်ဖိုလ်ရနိုင်ပါသလား။

ရောဂါဝေဒနာကို ရှု့မှတ်ပြီး မဂ်ဖိုလ်ရနိုင်ပါသလား။

အချို့သော လူတွေဟာ သေခါနီးအခါမှာ ရောဂါပေါင်းစုံကို ခံစားပြီးတော့ အသိတရားကင်းမဲ့စွာ သေဆုံးကြရတယ်။ ရောဂါဝေဒနာက ဖိစီးနှိပ်စက်နေတော့ တရားဓမ္မအသံကိုလဲ နားမ၀င်နိုင်၊ ဘုရားကိုလဲ အာရုံမပြုနိုင်ပဲ သေကြရတယ်။ အဲ့ဒီတော့ တချို့ကမေးတယ်။ ရောဂါဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရတော့ သေခါနီးမှာ အဲ့ဒီရောဂါကိုပဲ တရားရှု့မှတ်ပြီး မဂ်ဖိုလ်ရနိုင်ပါသလားတဲ့။ သေတဲ့အခါမှာ စိတ်တွေတွေဝေမိန်းမောပြီးတော့ သားစွဲသမီးစွဲနဲ့ လားရာဂတိမကောင်းပဲ မသေရစေဖို့အတွက် ကြိုကြိုတင်တင် အာစိဏ္ဏကံ ပွားများအားထုတ်ထားရပါမယ်။ ဒါမှသာ သေခါနီးအခါမှာလဲ သမာဓိကို ကောင်းကောင်းထူထောင်နိုင်ပါမယ်။ နဂိုထဲက ဘာဝနာထုံမွမ်းပြီး အလေ့အကျင့်ရှိခဲ့ရင် ရောဂါဆိုတဲ့ ဝေဒနာကို ရှု့မှတ်ပြီး မဂ်ဖိုလ်ရနိုင်ပါတယ်။ ဒါ့အပြင် ဝေဒနာကို ပဓါနပြုပြီးတော့ သညာ သင်္ခါရ ၀ိဥာဏ်ဆိုတဲ့ နာမ်တရားတွေကို သိမ်းဆည်းပြီး ၀ိပဿနာရှု့နိုင်ပါတယ်။ ဒါကြောင့်မို့ ရောဂါဆိုတဲ့ ဒုက္ခဝေဒနာကို ၀ိပဿနာရှု့ပြီး အရဟတ္တဖိုလ်တိုင် ရနိုင်ပါတယ်လို့ ဋီကာမှာ ဆိုပါတယ်။

BY - ASHIN - SUMANGALA

No comments:

Post a Comment